စီးပွားရေးလမ်းညွှန်ချက်
ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။ မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ” ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။ မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။ ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊ စာဆက် ရေးတယ်။ တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ” ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။ တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။ နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်.. <ဝန်ထမ်းတစ်ဦးရဲ့စွမ်းရည်က သူဌေးအပေါ်လည်းအများကြီးမူတည်ပါတယ် > ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်...